မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာလဲလှယ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနားရှိလည်းကောင်း သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်ရှိ ရေစက်ပိုင်း၌လည်းကောင်း ယခင်စိုက်ထူထားသော မြေစိုက် ဆိုင်းဘုတ်တွင် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာ အား လဲလှယ်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mon_may2020

Sign Up

Upcoming Events