
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀)ရက်နေ့၊ (၀၆:၃၀) နာရီချိန်၌ ကျောက်ပန်းတောင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၃)စုမှ ရွာပေါင်း (၃)ရွာတွင် လူနေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့သဖြင့် ဘေးသင့်အိမ်ထောင်စု(၈)စုမှ လူဦးရေ(၃၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃,၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၃၀,၀၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၉၃,၀၀၀/-)ကျပ်တို့ကို (၂၈-၅-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)အချိန်၌ ကျောက်ပန်းတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mdy_may2020