လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန် ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင်(၂၆-၅-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)အချိန်၌ ဧရာဝတီမြစ်ရေ တိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၁၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁,၅၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၃၁,၅၀ဝ/-)ကျပ်အား (၂၇-၅-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)အချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ် ချုပ်ရေးရုံးမှတာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_may2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)