လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ (၂၇-၅-၂၀၂၀) ရက်နေ့တွင် ခြောက်ရွာကျေးရွာအုပ်စုရှိ ခြောက်ရွာကျေးရွာ၊ ကျုံပိုကျေးရွာ၊ ဒေါင့်ကြီးကျေးရွာနှင့် ကျီးကြီးကျေးရွာအုပ်စုရှိ ကျီးကြီးကျေးရွာ၊ ဒရင်ကောက်ကျေးရွာ၊ ကျောင်းစုကျေးရွာ၊ တဲကြီးစုကျေးရွာများ၌ Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်အလက်များကို ပြည်သူများအလွယ်တကူသိရှိလိုက်နာနိုင်ရေး အတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#ayy_may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)