မင်းလှမြို့နယ်၊ သပြေတောကျေးရွာအုပ်စု၊ သပြေတောကျေးရွာ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ သပြေတောကျေးရွာအုပ်စု၊ သပြေတောကျေးရွာ၌ (၂၆-၅-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန်ပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀ဝဝ/-) ကျပ်တို့အား (၂၇-၅-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_may2020
Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events