
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ဖျာပုံမြို့နယ်၊ ခနောင်လေးကျေးရွာအုပ်စု၊ ခနောင်လေးကျေးရွာ၊ကျောင်းစုအရှေ့ကျေးရွာ၊ တညီကျေးရွာ၊ ကျုံသွတ်ကျေးရွာ၊ ဘုရားကျောင်းကျေးရွာ၊ ပသီကျေးရွာ၌ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပြည်သူများသို့ ထိရောက်စွာ လိုက်လံဆောင်ရွက်ခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_may2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)