လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့တွင် (၁၀:၀၀) နာရီ၌ ဘိုကလေးမြို့နယ်၊ ကုလားအုန်းပင်စုကျေးရွာအုပ်စု၊ တရုတ်အိမ်ကျေးရွာတွင်လည်းကောင်း၊ (၁၁:၀၀) နာရီ၌ တုံးလဲကျေးရွာတွင်လည်းကောင်း၊ (၁၂:၀၀) နာရီ၌ အေးစုကျေးရွာတွင်လည်းကောင်း၊ (၁၃:၀၀) နာရီ၌ ဘောက်စုကျေးရွာတွင် လည်းကောင်း၊ (၁၅:၀၀) နာရီ၌ စာဖြူစုကျေးရွာတွင် လည်း ကောင်း (Covid-19) အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးမှုများကို အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ အသံချဲ့စက်များဖြင့် လှည့်လှည်၍ အသိ ပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_may2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)