လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိ ပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ မြောင်းမြကျေးရွာ၊ လက်ပံတန်း ကျေးရွာ၊ ကြို့တန်းကျေးရွာ၊ သစ်ခေါက်ခွကျေးရွာ၊ တံတားကြီးကျေးရွာနှင့် ဆီဆုံကုန်း ကျေးရွာများ အတွင်း ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_may2020
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)