လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ မြို့သစ် ရပ်ကွက် ၊ (က) ရပ်ကွက်၊ (ခ) ရပ်ကွက်၊ (ဂ) ရပ်ကွက်၊ ရွာမအနောက်ရပ်ကွက်၊ နံသာ ကုန်းရပ်ကွက် ၊ ကမ်းနားအနောက်ရပ်ကွက် ၊ ကမ်းနားအလယ်ရပ်ကွက်တို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား အရာထမ်း၊ အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ygn_may2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)