COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၅-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရေး သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ​ဖျာပုံမြို့နယ်၊ ​သဲအိမ်​ကျောင်းစုကျေးရွာအုပ်စု၊ ​သဲအိမ်​ကျောင်းစုကျေးရွာ၊ ပတုတ်ကျေးရွာ၊ ကျုံခရိုင်ကျေးရွာ၊ ​ရှမ်းကွင်းကျေးရွာ၊​ သကံဝကျေးရွာ၊​မြစ်တန်းကျေးရွာ၊ လက်​ဖျောက်ဆိုင်ကျေးရွာ၊​ ရွှေ​တောင်စုကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပြီး အသိပညာ​ပေးဗီနိူင်း​များလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_may2020

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events