မေလ (၂၄)ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
ယနေ့ (၂၄-၅-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ကက်သလစ် IDP စခန်းနှင့် နှစ်ခြင်း IDP စခန်း၊ ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးယာယီတိုက်ပွဲရှောင်စုရပ်သို့ သွားရောက်၍ လက်သန့် ဆေးရည် (၉၈၉)ဗူး၊ ဆပ်ပြာ (၂၃၇၀)ခဲ၊ ထုံးအိတ်(၃၀)အိတ်၊ အပူချိန်တိုင်းကိရိယာ(၄)ခု၊ လက်ဆေးစင်(၁၀)ခု၊ Surgical Mask (၁၆)ခု၊ အဝတ် Mask (၄၇၀၈)ခု၊ Hand Speaker (၃)ခုနှင့် COVID-19 အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၃)ခု၊ ဗီနိုင်း(၁)ချပ်တို့အား ထောက်ပံ့ခဲ့ပါသည်။
အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရွှေသီး၊ ငဖရုံ၊ ဝါးနက်ရုံ၊ ဒုံးသိမ်ဓမ္မာရုံ၊ လမ်းမကျောင်း၊ ရန်အောင်မြေ၊ မြတောင်ဘုန်းကြီးကျောင်း၊ ဂန္ဓာရီပရဟိတကျောင်း၊ မြောင်းနားတိုက်ပွဲရှောင်စခန်း၊ စုစုပေါင်းတိုက်ပွဲရှောင်စခန်း(၉)ခုသို့ သွားရောက်၍ အဝတ် Mask (၁၁၅၁၂)ခု၊ Hand Speaker (၅)ခုနှင့် COVID-19 အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၅)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ်
ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။