(COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၂၀) ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်မှစ၍ မွန်းလွဲ (၁၄:၃၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ကမ်းပျို ကျေးရွာ၊ သစ်တိုချောင်းကျေးရွာ၊ ဖိုးကယ်ချောင်းကျေးရွာ၊ ဆယ်အိမ်စုကျေးရွာ၊ ကျုံစိန်ကြီး ကျေးရွာ၊ ဉာဏ်တောကျေးရွာ၊ ရွှေရေးချောင်းကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ ကျောက်တိုင် ချောင်းကျေးရွာ၊ ပျဉ်းမငူကျေးရွာနှင့် ခရေပင်ဆိပ်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီး တွင် ကူးစက်ပြန့် ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန် / ရှောင် ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည် ဟောပြောမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_may2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events