COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၄-၅-၂၀၂၀) ရက်နေ့တွင် မကျီးကုန်း ကျေးရွာ အုပ်စုရှိ အိုးဘိုကုန်းကျေးရွာ၊ ပိန်းအင်းကုန်းကျေးရွာ၊ ရှမ်း‌တောရွာသစ်ကျေးရွာ၊‌‌ လေးပင်ဆိုင်ကုန်းကျေးရွာများ၊ ဒယ်ပုတ်ကွင်း ကျေးရွာအုပ်စုရှိ ထန်းကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ဒယ်ပုတ်ကွင်းကျေးရွာများ၌ Covid-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်အလက်များကို ​ပြည်သူ များ အလွယ်တကူသိရှိ လိုက်နာနိုင်ရေးအတွက် လှည့်လည်၍အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက် ခဲ့​​ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_may2020

Source:     အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events