COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ဟင်္သာတမြို့နယ်၊ ယုန်သလင်းအုပ်စုအတွင်းရှိ (အရှေ့မြို့ရပ်ကွက်၊ အနောက်မြို့ရပ်ကွက်၊ ရွာလယ်ပိုင်း၊ အနောက်ရွာမ၊ ရွှေမန်းလွင်)ရပ်ကွက်တို့နှင့် ကြီးတောကြီး၊ သင်္ကန်းအိုင်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အသိပညာဗဟုသုတများကို အသိပညာ​ပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_may2020

Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events