လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့ နံနက်(၀၈:ဝ၀)အချိန်မှ (၁၄:ဝဝ)အချိန်အထိ ပခုက္ကူမြို့နယ်၊ ကျတ်ထိုး ကျေးရွာအုပ်စု၊ အနောက်တောကျေးရွာ၊ အနောက်ကုန်းကျေးရွာ၊ ကြိုးတန်းကျေးရွာနှင့် ချောင်းဆုံကျေးရွာများသို့ COVID-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပညာပေးပန်ကြားခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများဝေငှခြင်းနှင့် ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Mask campaign ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_may2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)