လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်ကျေးရွာအုပ်စု၊ သောင်ဖျားပိုင်း ကျေးရွာတွင် (၂၁.၅.၂၀၂၀)ရက်နေ့တွင်​​ ဖြစ်ပွားခဲ့​​​သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀ဝ/-)၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၆၃၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၆၃၀ဝ/-) ကျပ်အား (၂၂.၅.၂၀၂၀) ရက်နေ့ (၁၁:၃၀)နာရီအချိန် တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_may2020

Source:   ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events