လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ သစ်ဖြူပင်ကျေးရွာအုပ်စု၊ သစ်ဖြူပင်ကျေးရွာနှင့် ကွင်းပေါက်ကျေးရွာ တို့တွင် (၂၀.၅.၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့​​​သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁)လုံး၊ ပြိုကျပျက်စီးနေအိမ်(၁)လုံး စုစုပေါင်းနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၅၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၂၁၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာ (၃၄၇၅၃/-)ကျပ်နှင့် စုစုပေါင်းရန်ပုံငွေ (၁၇၁၀၀ဝ/-)အား (၂၂.၅.၂၀၂၀)ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_may2020

Source:   ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events