လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၂၀)ရက်နေ့တွင် ရေကြည်မြို့နယ်၊ ညောင်ငူကျေးရွာအုပ်စု၊ ညောင်ငူကျေးရွာ၊ ရုပ်သေးကုန်းကျေးရွာ၊ အညာတန်းကျေးရွာ၊ ကျွန်းတော ကုန်းကျေးရွာနှင့် ကိုင်းငူကျေးရွာတို့တွင် (၀၈:၀၀)နာရီမှ (၁၂:၀၀)နာရီ အထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပျံနှံ့လျက်ရှိသော Covid-19 ကူးစက်ရောဂါနှင့်ပက်သက်ပြီး ဆောင်ရန်/ရှောင်ရန် များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)