လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၅.၂၀၂၀) နေ့တွင် အိုးကွဲအုပ်စု၊ ပျိုးကုန်းရွာနှင့်သဘော့အုပ်စု၊ (စိန်ရွာ၊ ဗိုလ်ကုန်း) ကျေးရွာ တို့၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ စုစုပေါင်း အိမ်ခြေ(၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀ဝဝဝ/-)၊ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၂၁၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၁၄၁၀၀ဝ/-) ကျပ်တို့ကို (၂၂-၅-၂၀၂၀) ရက်နေ့တွင် (၁၄:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)