လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၅-၂၀၂၀)ရက်နေ့တွင် ဘုရားငုတ္တိုကျေးရွာ အုပ်စုရှိ ဘုရားငုတ္တိုကျေးရွာ၊ အင်းသနုပ်ကုန်းကျေးရွာ၊ သပြေကွင်းကျေးရွာ၊ သံပုရာကွင်းကြီးကျေးရွာ၊ သစ်ဖြူချောင်းကျေးရွာ၊ သံပုရာကွင်းလေးကျေးရွာများအတွင်းရှိ ပြည်သူများအား Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာ ပေး ဆောင်ရန်/ရှောင်ရန်အချက်အလက်များကို ပြည်သူများ အလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက် ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)