လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူ ပူးပေါင်း၍ (၂၁-၅-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သင်္ကန်းကြီးကျေးရွာအုပ်စုအတွင်းရှိ နလင်ကျော်ကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ကံကွင်းကျေးရွာ၊ ဒူးကုတ်ကျေးရွာနှင့် ဝါးကုန်းကျေးရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ အား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Loud Speaker ဖြင့် လှည့်လှည်၍ အသိပညာ ပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)