လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၀၀) အချိန်မှ (၁၀:၀၀) အချိန်အထိ ဆိပ်ဖြူမြို့နယ်၊ မြေကြမ်းတော ကျေးရွာအုပ်စုရှိ မြေကြမ်းတောကျေးရွာ၊ ဂျုတ်ချောင်ကြီး ကျေးရွာနှင့် ဂျုတ်ချောင်လေးကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_may2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)