လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့နယ်အတွင်း၌ (၁၇-၅-၂၀၂၀)ရက်နေ့ ညနေ (၆:၂၀) နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၅) စုမှ ကျေးရွာ (၅) ရွာနှင့် ရပ်ကွက် (၁) ခုတို့တွင် ပြိုလဲနေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၅) လုံး ပျက်စီးခဲ့ပြီး (၁၈-၅-၂၀၂၀) ရက်နေ့၊ ညနေ (၆:၄၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းကြောင့် ကျေးရွာအုပ်စု (၁၃) အုပ်စုမှ ကျေးရွာ (၁၉) ရွာတို့တွင် ပြိုလဲနေအိမ် (၅) လုံး၊ အမိုးလန်နေအိမ် (၃၃) လုံး၊ စုစုပေါင်းပြိုလဲနေအိမ် (၆) လုံး၊ အမိုးလန်နေအိမ် (၃၈) လုံး၊ လူဦးရေ (၁၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးအတွက် စုစုပေါင်းငွေကျပ် (၁,၅၈၅,၇၀ဝ/) ကျပ်နှင့် ပြိုလဲနေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၆) ပုံးတို့အား (၁၉-၅-၂၀၂၀) ရက်နေ့တွင် အထွ ေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_sgw
#bgo_may2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)