လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ မယ်စဲ့ကျေးရွာအုပ်စု ဟိုစဲ့ကျေးရွာ၊ ဟိုစဲ့မြို့သစ်နှင့် ဝမ်ကန်ကျေးရွာ၊ နမ့်မန်းကျေးရွာအုပ်စု ဟွေပါလန်ကျေးရွာနှင့် နမ့်မန်းကျေးရွာ၊ မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်များရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)