လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀)ရက်နေ့၊ (၁၉:၃၀)နာရီအချိန်နှင့် (၁၉-၅-၂၀၂၀) ရက်နေ့(၁၃:၃၀)နာရီအချိန်တို့ တွင် ကလေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်(၄)ခုနှင့်ကျေးရွာ(၃)ရွာတို့မှ နေအိမ်(၁၂)လုံးလူဦးရေ (၇၁)ဦး အမိုးလန်ပျက်စီးခဲ့သည့်အတွက် ဘေးသင့်ပြည်သူများထံ ဆန်ရိက္ခာဖိုးငွေ (၁၄၉၁၀၀/-)နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၁၅၀၀၀/-) စုစုပေါင်း (၆၆၄၁၀၀/-)ကျပ်အား (၁၉-၅-၂၀၂၀)ရက်နေ့ (၁၅:၃၀)အချိန်တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးခန်း ၌ ကလေးမြို့ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေမှူးတို့နှင့်အတူ ယနေ့ ညနေ (၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)