လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီး ဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန် တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ မကြီးကုန်းကျေးရွာ အုပ်စု၊ မကြီးကုန်းကျေးရွာ၊ ညောင်လှကျေးရွာနှင့် ကျောက်ဖြူကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#mgy_may2020
Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)