လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂ဝ၂ဝ) ရက်နေ့ (၁၁:၃ဝ) နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ရေချိုကျေးရွာ အုပ်စု၊ ရေချိုကျေးရွာတွင် လူနေအိမ်(၁) လုံး အမိုးလန်ပျက်ဆီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃ဝ,ဝဝဝ/-)ကျပ်၊ လူဦးရေ(၃) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ(၆,၃ဝဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆,၃ဝဝ/-) ကျပ် အား (၁၉-၅-၂ဝ၂ဝ) ရက်နေ့ (၁၄:ဝဝ) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

#ha_sgw
#mgy_may2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events