
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ မိုးကောင်းနှစ်ခြင်းကျွန်းတော (IDPs) စခန်းမှ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၇၂) ဦးတို့အတွက် ဆပ်ပြာ (၇၂) ခဲ၊ ထုံး (၁၀) အိတ်နှင့် အပူချိန်တိုင်းကိရိယာ (၁) ခုတို့အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#kcn_may2020
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)