COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်မှစ၍ ညနေ (၁၄:၃၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကနစိုး ကုန်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ဘိုးဘေးအညာစုကျေး ရွာ၊ ဘဲချောင်းကျေးရွာ၊ သီရိ ဟေမာရပ်ကွက်၊ မြစိမ်းရပ်ကွက်၊ နတ္တိပ်ရပ်ကွက်၊ ပုလဲအောင်မြေရပ်ကွက်နှင့် နဒီအောင်မြေရပ်ကွက် တို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ရပ်ကွက်နေပြည်သူလူထုအား အသိပညာပေး လှည့်လည် ဟောပြောမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_may2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events