ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက် နယ်မြေ (၁၂)၊ ကျေးရွာအုပ်စု (၉) စု၊ ကျေးရွာ(၁၄) ရွာတို့တွင် (၁၈-၅-၂၀၂၀) ရက်နေ့ (၁၇: ၀၀) အချိန်မှ (၁၇: ၃၀) အချိန် ထိဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၂၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၉၁,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၉၄) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၉၇,၄၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈၈,၄၀ဝ/-)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့ (၁၆:၃၀) အချိန်တွင် ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#npw_may2020
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)