လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့၌ ကျောက်မဲ မြို့နယ်၊ စခန်းသာကျေးရွာအုပ်စု၊ ခန်းဆာကျေးရွာနှင့် (၁၆-၅-၂၀၂၀) ရက်နေ့၌ သီပေါမြို့နယ်၊ ပုံဖမ်း၊ ဆွန်အွိုက်၊ လောင်ခွန်၊ တဲစန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သော နေအိမ် (၁၇) လုံး၊ အိမ်ထောင်စု (၁၈) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၁၅,၄၀ဝ/-) ကျပ်နှင့် လူဦးရေ (၇၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၅,၉၀ဝ/-) ကျပ်တို့အား (၁၉-၅-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီနှင့် (၁၃:၀၀) နာရီအချိန်တို့တွင် ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#shn_may2020