လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၈:၃၀) အချိန်တွင် ချောက်မြို့၊ ကျောက်တန်း ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၆၈၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၆၈၀၀/-)ကျပ်တို့ကို (၁၉-၅-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_ sgw
#mgy_may2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)