လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၅) ရွာ၌ (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်မှ (၁၄:၄၀) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၂၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၄,၆၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၅,၀၀ဝ/-) ကျပ်တို့အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၂:၄၅) နာရီအချိန်တွင် ကံမမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_may2020

Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events