လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဥယျာဉ်တန်းလမ်း၌ (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင် ကျွမ်းမှုကြောင့် ဘေးသင့်လူနေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၄၂၀၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာတို့အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် ကံမမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_may2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)