လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ ညနေ(၁၅ :၃၀) အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့်

တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာမှ အိမ်ခြေ(၄)လုံး၊ ဝမ်ကောင်းမွန်းကျေးရွာမှ အိမ်ခြေ

(၂)လုံး၊ ဖန်မင်ကျေးရွာမှ အိမ်ခြေ(၃)လုံး၊ စုစုပေါင်းတစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခဲ့သည့်

အိမ်ခြေ (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၁၈၀၀၀) ကျပ်အား (၁၉-၅-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#shn_may2020

Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events