လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ (တောင်ပို့ တစ်ရာ၊ အုတ်ရှစ်ကွင်း၊ ဂျမ်းတိုက်) အုပ်စု၊ ကျေးရွာခွဲ (၃) ခုတို့၌ (၁၈-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၉၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀/-) ကျပ်တို့အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီ အချိန်တွင် ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_may2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events