လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမိသားစု၏ နဝမအကြိမ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ (၄) ရက်နေ့၊ နံနက် (၀၈:၄၅) နာရီအချိန်တွင် အဆိုပါဝန်ကြီးဌာနစုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ၊ ဦးအောင်ဇော်မြင့် + ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်တို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
အစီအစဉ်အရ ပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်းတိုက်ဆရာတော်နှင့် ကိုးခန်းကြီးကျောင်းတိုက်ဆရာတော်တို့ထံမှ ငါးပါးသီလနှင့် ကထိန်အနုမောဓနတရားတော်နာယူပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဆုတောင်းကာ၊ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်ပါသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုများ တက်ရောက်ခဲ့ကြပါသည်။