လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၈- ၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(ကွက်သစ်ပိုင်း)၊ ဦးအုန်းသီး(တဲတိုက်)၊ ဦးဝင်းကြည် (တဲတိုက်)နှင့် ဒေါ်အေး(တဲတိုက်) ရှိ အိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင် စု(၁၂၁) စု၊ လူဦးရေ (၅၈၄) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရ ရှိပါသည်။
#ha_drg
#mgy_may2020
Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)