လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ဖားလက်ခိုအုပ်စု၊ ညောင်ပင်စုကျေးရွာတွင် (၁၇-၅-၂၀၂၀) ရက်နေ့ ဖြစ် ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၈၀၀၀၀/-)၊ လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာငွေကျပ် (၁၄၇၀ဝ/-) စုစုပေါင်းရန်ပုံငွေကျပ် (၉၄၇၀ဝ/-) တို့ကို ဇလွန်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ (၁၈ – ၅- ၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)