မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ရေနံမကျေးရွာအုပ်စု၊ ရေနံမ‌တောင်ကျေးရွာတွင် (၁၇.၅.၂၀၂၀)ရက်နေ့၊ (၀၇:၃၀)နာရီအချိန် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၁)လုံး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၂)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄၂၀ဝိ/-)နှင့် နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀ဝဝိ/-)၊ ရန်ပုံငွေစုစုပေါင်း (၁၀၄၂၀ဝိ/-) အား (၁၈.၅.၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir

#mgy_may2020

Source:       မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events