
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့၊ (၀၅:၀၀)နာရီ အချိန်ခန့်၌ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မှော်ဘီကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ် မှုကြောင့် လေဘေးသင့်အမိုးလန် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၇,၀၀ဝ/-)ကျပ်နှင့်လူဦးရေ (၄)ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၅,၄၀ဝ/-)ကျပ်တို့အား (၁၈-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီအချိန်ခန့်တွင် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mon_may2020