လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ မိုင်းတုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုလဲအိမ်ခြေ (၁၃)လုံး၊ ဘုရားရှိခိုကျောင်း (၁) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၈၁၅၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၁၃) စုစာနှင့် ဆန်ရိက္ခာ လူဦးရေ (၆၁) ဦးအတွက် (၇) ရက်စာ (၁၂၈၁၀၀ိ/-)၊ စုစုပေါင်း (၉၄၃၁၀၀ိ/-) အား (၁၈-၅-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_may2020
Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)