လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပခုက္ကူမြို့နယ်၊ ဘဲကြီးကျေးရွာအုပ်စု၊ အနောက်ငကျော်ကျေးရွာတွင် (၁၆-၅-၂ဝ၂ဝ) ရက်နေ့၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁)လုံး အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးမီးဘေးသင့်ခဲ့သဖြင့် မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု(၁)စုစာ၊ အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁ဝဝ,ဝဝဝိ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၈,၄ဝဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁ဝ၈,၄ဝဝိ/-)အား (၁၈-၅-၂ဝ၂ဝ)ရက်နေ့(၁၁:ဝဝ)အချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_may2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)