လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀) ရက်နေ့ (၁၁း၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ မြဝတီရပ်ကွက်နှင့် အနော်ရထာရပ်ကွက်များအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ လှည့်လည်အသိပညာပေးဆော်ဩမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npt_may2020
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)