လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၀)ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာအုပ်စု၊ မြေမအုံကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသောအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ဖိုး (၇) ရက်စာဖိုးထောက်ပံ့ငွေ ( ၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံးကို (၁၇-၅-၂၀၂၀) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_ sgw
#tny_may2020

Sign Up

Upcoming Events