COVID-19 ရောဂါ ကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေရန်အတွက် အသိပညာပေး ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀) ရက်နေ့ တွင် (၀၉:၀၀) နာရီမှစတင်၍ (၁၂:၀၀) အချိန်ထိ ရေစကြိုမြို့နယ်၊ မိဖုရားကျေးရွာအုပ်စု၊မိဖုရားကျေးရွာ၊ မဲကုန်းကျေးရွာ၊ မိုးကွဲကျေးရွာအုပ်စု၊ မိုးကွဲကျေးရွာ၊ မိုးဖြူကျေးရွာ၊ ချင်းယားကျေးရွာ၊ ဝါးဘိုးကျေးရွာအုပ်စု၊ ဝါးဘိုးကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ ငတရော်ကျေးရွာအုပ်စု၊ ငတရော်ကျေးရွာ၊ ကံဦးကျေးရွာအုပ်စု၊ ကံဦးကျေးရွာ၊ တောင်ကုန်းကျေးရွာနှင့် ဖုတ်ကုန်းကျေးရွာတို့တွင် အသောကလူမှုကူညီရေးအသင်းနှင့် ပူးပေါင်းကာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#mgy_may2020

Sign Up

Upcoming Events