လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း၊ ကားဂိတ်တန်း၊ COVID-19 စခန်း)၊ဦးဝဲ(တဲတိုက်)နှင့် ဦးကျော်စိန်(တဲတိုက်)ရှိ ရှိအိမ်ခြေ (၁၀၃) လုံး၊ အိမ်ထောင် စု(၁၁၄) စု၊ လူဦးရေ (၅၂၂) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၇- ၅-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_drg
#mgy_may2020