လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့၌ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၊ နားခံကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများနှင့်အတူ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန် (တစ်စိတ်တစ်ပိုင်း) ပျက်စီးသွားသော နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုထောက်ပံ့ငွေ (၁၈၀၀၀၀/-)ကျပ်၊ လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၉၄၇ဝဝ/-)ကျပ်အား (၁၆-၅-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_ sgw
#shn_may2020

Sign Up

Upcoming Events