လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်း ကြီးမြို့နယ်၊ သစ်ရာကျေးရွာအုပ်စု၊ လယ်ပြင်သာကျေးရွာနှင့် လက်တက်ကျေးရွာအုပ်စု၊ လက်တက် ကျေးရွာတို့၌ (၁၅-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၇) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၃၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၄၄,၇၀ဝ/-) ကျပ်တို့အား (၁၆-၅-၂၀၂၀) ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)