လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀)အချိန်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအုပ်စု၊ ချောင်းတောင်ကျေးရွာတွင် ပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၁၀၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၀၅၀၀/-)ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၆-၅-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီချိန်တွင် ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_ sgw
#mon_may2020

Sign Up

Upcoming Events